“Brain Drain or Brain Gain” is one of the most con­tro­ver­sial top­ics and I dare not reveal my own opin­ions on that as it fits only for the experts but not for a lay­man like me.

But I could not help to share my thoughts on that. Let me, there­fore, put some effort to write it out.

Brain drain, as we all are aware of, is basi­cally referred to a great deal of emi­grants with abun­dant skills and knowl­edge who move from the source coun­try (orig­i­nal coun­try) to host coun­try (another coun­try where bet­ter oppor­tu­ni­ties can be grabbed).

Brain drain is said to be “bad” as it seems tak­ing some­thing good out of a coun­try.  It is not much sur­pris­ing that most of coun­tries suf­fer­ing brain drain are devel­op­ing coun­tries and least devel­oped coun­tries due to a lot of rea­sons like lack­ing stan­dard infra­struc­ture, poor health care, lag­ging far behind tech­nol­ogy inno­va­tions and advance­ments. Per­sonal pref­er­ence on life style can also be one of the indi­vid­ual reasons.

Read the rest of this entry »

“တစ်”ခြောက်လုံးနဲ့ တမူထူးတဲ့နေ့
“ရှစ်”ဂဏန်းတွေနဲ့ သမိုင်းတွင်ခဲ့တဲ့နေ့။

ခေါင်းဆောင်ကောင်းတွေ မြေခတဲ့နေ့
ခေါင်းဆောင်သစ် ဥဒါန်းကျူးရင့်တဲ့နေ့။

တောင်နဲ့မြောက်
အရှေ့နဲ့အနောက်
ညီညာလက်တွဲတဲ့နေ့
တံတိုင်းတွေ ပြိုကျတဲ့နေ့။

ဘီလ်ဂိတ်စ် မွေးနေ့
ဒွေးလေးခါရဲ့ မွေးနေ့
ညီငယ်တစ်​​ယောက် ဘွဲ့ရတဲ့နေ့
ဦးရီးတော်ရဲ့ နွားပြာတစ်ရှဉ်း ပျောက်တဲ့နေ့။ 

Read the rest of this entry »

ဆရာကြီးရွှေဥဒေါင်း၏ သတင်းစာနှင့် စာဖတ်သူအဆင့်ဆင့် ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဝေမျှပါရစေ ခင်ဗျ။

သတင်းစာနှင့် စာဖတ်သူအဆင့်ဆင့် စာဖတ်သူအမျိုးမျိုး

အင်္ဂလိပ်သတင်းစာ ဝယ်ဖတ်သူများအနက် ခေါင်းကြီးပိုင်းကို မဖတ်ဘဲ ချန်ထားသူဆို၍ ခပ်ရှားရှားရှိမည်ဖြစ်သော်လည်း ဗမာသတင်းစာ ဖတ်သူများမူကား ခေါင်းကြီးပိုင်းကို ကျော်လွှားသွားသူ အမြောက်အမြား တွေ့ရဖူးလေသည်။ မီးရထားဖြင့် ခရီးသွားစဉ် ကျွန်ုပ်ထံမှ ဗမာသတင်းစာ ငှားဖတ်သူများကို အမှတ်မဲ့စောင့်ကြည့်မိရာ ခေါင်းကြီးပိုင်းကို ကျော်သွားပြီး အတိုအထွာ တောင်သတင်း မြောက်သတင်းများကို လှန်လှောပြန်ပေးသူတို့သာ များကြပေသည်။ အင်္ဂလိပ်သတင်းစာကို ငှားဖတ်သူတို့မူကား ခေါင်းကြီးပိုင်းမှစ၍ ဖတ်သူများပင် ကြုံရဖူး၏။ ကျွန်ုပ်၏နေအိမ်သို့လာ၍ သတင်းစာငှားဖတ်သူများကို စုံစမ်းကြည့်ရာတွင်လည်း ရာခိုင်နှုန်း ၅၀ ခန့်မျှသော ဗမာသတင်းစာဖတ်သူများသည် ခေါင်းကြီးပိုင်းကို အလျဉ်းမဖတ်ဘဲ ချန်ထားသည်ဖြစ်စေ၊ သမန်ကာလျှံကာ ဖတ်သည်ဖြစ်စေ ကြုံရတတ်ပေသည်။ သို့သော်ငှားဖတ်သောလူနှင့် ဝယ်ဖတ်သောလူ၏ ဝါအနုအရင့် ကွာခြားခြင်းကိုလည်း ထည့်သွင်း စဉ်းစားရပေမည်။ ဝါရင့်သောလူသည် မရှိမဲ့ရှိမဲ့နှင့် သတင်းစာတစ်စောင်ကောင်းကို ဖြစ်စေ၊ မဖတ်ဘဲမနေနိုင်၍ ဝယ်ဖတ်သည့်အခါ ခေါင်းကြီးပိုင်းကို နောက်ဆုံးမှဖြစ်စေ ဖတ်ရှုတတ်ကြလေသည်။ လက်ဖက်ရည်ဆိုင်နှင့် စာကြည့်ခန်းများ၌ သတင်းစာဖတ်သူများ အနက်တွင်လည်း ခေါင်း ၂-လုံးနှင့် မွေးလာသော ဝက်ကလေး၊ ခွေးက ကျားသစ်ကို ခံကိုက်ခြင်း၊ မြင်းကန်၍ အူပေါက်သွားသောလူ အစရှိသည့် သတင်းအထူးအဆန်းများလောက်သာ မက်ခဲ့သူများ၍ ခေါင်းကြီးပိုင်းဖတ်သော အဆင့်အတန်းသမား ခပ်ရှားရှား တွေ့ရတတ်ပေသည်။

စာ- ၆၁

Read the rest of this entry »

နှလုံးသား အခွင့်အရေး

ညီမလေးရေ

ကဗျာဆရာတစ်ယောက်က သရော်ဖူးတယ်
ကလီယိုပါထရာရဲ့ နှာခေါင်းသာ
တစ်လက်မလောက် ပိုတိုခဲ့မယ်ဆိုရင် 
တို့တွေ သင်ခဲ့ရတဲ့  သမိုင်းကြောင်း
ပြောင်းလဲသွားနိုင်သတဲ့။

မနေ့ညက
ကျွန်တော့်ရဲ့ နှလုံးသားက
လှောင်သလိုလို ပြောတယ်။

ညီမလေးရဲ့ အပြုံးသာ
ဒီထက်ပိုပြီး ချိမြလန်းဆန်းမယ် ဆိုရင်
ရင်ခုန်သံအတွက်
တစ်ကိုယ်တော် မစွမ်းနိုင်လောက်ဘူး။

Read the rest of this entry »

မေ့တတ်သူများအတွက် မြို့ပြလရောင်တမ်းချင်း


အာရပ်နွေဦး
တွန်းတိုက်နေသူတွေအကြား
ဗန်ဂိုးခမျာ

ခပ်တိုးတိုးလေး
ရေရွတ်နေလေရဲ့။

သတို့သမီး ဧရာဝတီအနား
ဖေးမနေသူများအား
ခင်ပွန်း ချင်းတွင်း
စောဒက တက်ခြင်းများနဲ့
စစ်မခင်းခဲ့ပါ။

Read the rest of this entry »

ညီမလေးရေ

ကြည့်လိုက်စမ်းပါဦး
ကမ္ဘာအပြားရဲ့ စွမ်းပကားနဲ့

တစ်ခါသုံး သတင်းတွေကို
စားသုံးနေပုံများ
တကြွမ်းကြွမ်းနဲ့ .…။

ကိုကို့ကဗျာက ပဲကြီးလှော်ကဗျာပဲ … တဲ့။

ညီမလေးရေ

ခံစားကြည့်ပါဦး
ပေါင်မုန့်တစ်လုံး ဝိုင်တစ်ခွက်
စာတစ်အုပ်နဲ့
သစ်တစ်ပင်အောက်
ကမ္ဘာလောကကြီးကို ဒူးထောက်
ချစ်ခြင်းဖွဲ့သီချင်းတွေ
ဖူးပွင့်ချင်တယ်…။

ကိုကို့ကဗျာက ဆင်းရဲသားကဗျာပဲ … တဲ့။ Read the rest of this entry »

ဒီနေ့

ကဗျာတစ်ပုဒ်
မှတ်ကျောက်တင်ဖို့
ကြိုးစားကြည့်တယ်။

ပထမဆုံး
ခေါင်းစဉ်ရွေးတယ်။

ဖျတ်ခနဲပေါ်လာတယ်
ညီမလေး တဲ့။

မပြည့်စုံသေးဘူး
သိမ်မွေ့ခြင်း တဲ့။

မလုံလောက်သေးဘူး
ကြင်နာခြင်း တဲ့။

Read the rest of this entry »

ရှုထောင့်မှန်မှ အမြင်မှန်နိုင်မည်

ရှုထောင့်များ အမြင်များ မတူပုံအပေါ် အခြေပြု၍ အငြင်းပွားမှုများ၊ ဆဲဆိုတိုက်ခိုက်မှုများအား မြန်မာအွန်လိုင်းလူအဖွဲ့အစည်းအတွင်း အတွေ့ရများလာပါတယ်။ အွန်လိုင်း (Online) ပေါ်တွင် ဆွေးနွေးပြောဆိုကြခြင်း (video conferencing  စသည်များ မပါ) ဆိုသည်ကား လူအချင်းချင်း မျက်နှာချင်းဆိုင် တွေ့မြင်ရမှု မပါသည့်အတွက် မိမိ၏အပြောအဆိုကြောင့် တစ်ဘက်လူ မျက်နှာပျက်သွားသလား၊ အမြင်ချင်းတူပုံပေါ်သလားဆိုသည်ကို တွေမြင်ရခြင်း အလျှင်းမရှိခြင်းကလည်း မိမိအမြင်အပေါ် ဆွဲကိုင်ပြီး နင်ပဲငဆ ပြောဆိုခြင်းများအတွက် အထောက်အပံ့တစ်ခု ဖြစ်လေမလားဟု တွေးမိပါတယ်။

ဒိုင်နဲမစ် ပါးရာ့ဒိုင်း (Dynamic Par­a­digm or Shift­ing Paradigm) (တွေးခေါ်မှုပုံစံများ အစဉ်ပြောင်းလဲနေတတ်သော) ဟု လူပြောများနေသော ကာလဖြစ်သည့်အားလျော်စွာ ရှုထောင့်မတူညီမှုများကို ပိုမိုတွေ့ရှိလာမှာပါ။ဒါ့အတွက်ကြောင့် ရှုထောင့်မတူညီမှုများအပေါ် သုံးသပ်ထားသော ဆရာကြီး ရွှေဥဒေါင်း၏ ဆောင်းပါးတစ်ပုဒ်မှ ကောက်နှုတ်ချက်အချို့ကို တင်ဆက်ခွင့်ပြုတော်မူပါ။

ရှုထောင့်ကွဲလွဲပုံ

အင်္ဂလိပ်ပုံပြင်ဝတ္ထုတစ်ခု၌ တစ်ခြမ်းတွင် ရွှေချ၍ အခြားဘက်တစ်ခြမ်းတွင် ငွေချထားသည့် ရုပ်တု (Statue) ကြီး တစ်ခုရှိရာ သူရဲကောင်းနှစ်ယောက်တို့သည် ရုပ်တုကြီးကို တစ်ခြမ်းစီမျှသာ မြင်ခဲ့ကြရဖူးသည်နှင့် တစ်ယောက်က ရွှေရုပ်ကြီး ဟူ၍ လည်းကောင်း အခြားတစ်ယောက်က ငွေရုပ်ကြီးဟူ၍ လည်းကောင်း ငြင်းခုံကြရာမှ တစ်ယောက်နှင့်တစ်ယောက် သတ်ပုတ်ကြသော အခြေသို့ ရောက်သွားကြသည်ဆို၏။ နောက်ဆုံးတွင် မောဟိုက်လာကြ၍ နှစ်ယောက်သဘောတူ ရုပ်တုကြီးကို သွားရောက်ကြည့်ရှုကြသည်တွင်မှ သူ့ရှုထောင့်နှင့်သူ မှန်ကန်ကြောင်း တွေ့ရ၍ လက်ဆွဲနှုတ်ဆက်ကြသည်ဟု ဆိုလေသည်။

(စာ-၈၈) Read the rest of this entry »

ရုပ်ပုံလွှာနှင့် စေတနာ

နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတုန်း တစ်ယောက်ယောက်က လက်တို့ပြီး နှိုးလိုက်သလို ခံစားလိုက်ရတယ်။ ဒါနဲ့ပဲ မျက်လုံးကို  မနည်းကြိုးစားပြီး ဖွင့်ကြည့်လိုက်တော့ လူတစ်ယောက်က ကျုပ်လက်ကို ဆွဲပြီး တစ်နေရာရာကို လိုက်ခဲ့ဖို့ ပြောနေတယ်။ စကားပြောပုံက ခပ်ပြတ်ပြတ်နဲ့။

စူးစမ်းလိုတာနဲ့ပဲ ကပျာကသီထပြီး လိုက်သွားမိတယ်။အလင်းရောင် အားကောင်းတဲ့ တစ်နေရာရောက်မှ အနှီပုဂ္ဂိုလ်ကို သေချာကြည့်မိတော့ …

ပါးရိုးငေါငေါ ၊ မေးရိုးခိုင်ခိုင် ၊ မျက်မှောင်ကုပ်ကုပ် ၊ ဆံပင်စုတ်ဖွား ၊ ရှုကားသိုးသိုး …။

ကျုပ်ကို ခေါ်သွားတဲ့ နေရာက တက္ကသိုလ်ကျောင်းဆောင် တစ်ခုလိုလိုပဲ။ တံခါးတွေ ပိတ်ထားတော့ သဲသဲကွဲကွဲ မမြင်ရဘူး။ အဲဒီနေရာမှာ လူတစ်ယောက်က Edmund Burke တို့ ၊ Ben­jamin Disraeli တို့ရဲ့ မိန့်ခွန်းတွေပါတဲ့ စာအုပ်ကြီးတစ်အုပ်ကို ကိုင်ပြီး အသံထွက်ပြီးဖတ်လိုက် ၊ အလွတ်ပြန်ဆိုကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတာကို တွေ့ရတယ်။

သူကတော့ ကျုပ်တို့နှစ်ယောက်ကို မြင်ပုံမရဘူး ။ အသံထွက်ပြီး စာဖတ်နေတဲ့လူကို မြင်ဖူးသလိုလို ရှိတာနဲ့ အနီးကပ် သွားကြည့်မိလိုက်တော့ … ကျုပ်ကို ခေါ်လာတဲ့ ဆံပင်ရှည်ရှည် ညှင်းသိုးသိုး အနံ့ဆိုးဆိုးပုဂ္ဂိုလ်ရဲ့ ကိုယ်ပွား  အငယ်စားလေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ပဲ “နေပါဦးဗျ …  အဲဒါဘယ်သူလဲ” လို့ မေးလိုက်တော့ “အချိန်တန်ရင် သိလိမ့်မပေါ့ကွာ၊ လာလာ … မင်းကို ပြစရာရှိတယ်” လို့ ဖြေသဗျ။

Read the rest of this entry »

တောကျီးကန်း အဘိဓမ္မာဆရာနှင့် တွေ့ဆုံခြင်း

ပြောင်းခင်းတွေထဲတွင် တောကျီးကန်းတွေ အုပ်လိုက် ကျစ ပြုလေပြီ။ ကျွန်တော်သည် သူတို့ အထဲမှ အရေးအကြီးဆုံးဟု ထင်ရသည့် တောကျီးကန်းတစ်ကောင်ကို ရွေးကာ သူနှင့် စကား ပြောကြည့်၏။ ကံဆိုးချင်တော့ ကျွန်တော်သည် ကျီးကန်း နီတိ ဆရာ၊ ကျီးကန်း ဒဿန ဆရာ တစ်ဦးနှင့် သွားတိုးနေသည်။ ထို့ကြောင့် ကျွန်တော်တို့ စကားများသည် ငြီးငွေ့ဖွယ် ကောင်းနေပါသည်။

အောက်ပါတို့မှာ ကျွန်တော်နှင့်ကျီးကန်း ဒဿနဆရာတို့ ပြောကြသည့် စကားများ ဖြစ်ပါသည်။

ကျွန်တော်။ ။ ခင်ဗျားတို့ ကျီးကန်းတွေဟာ တော်တော် အသက် ရှည်တယ်လို့ ပြောကြတယ်။ သဘာဝ သိပ္ပံ ပညာရှင်တွေ အဆိုအရ ခင်ဗျားတို့ ကျီးကန်းတွေနဲ့ ငါးလှံရှည် ငါးမျိုးဟာ အသက်ရှည်တဲ့နေရာမှာ စံနမူနာတွေပဲတဲ့။ ခင်ဗျားကကော အသက်ဘယ်လောက်ရှိပြီလဲ။

ကျီးကန်း။ ။ ကျုပ်က အသက် သုံးရာ ခုနစ်ဆယ့်ခြောက်နှစ် ရှိပြီဗျ။

ကျွန်တော်။ ။ အလို ဟုတ်လား။ တယ်လို့လည်း အသက်ရှည်ပါကလားဗျာ။ ကျွန်တော်သာ ခင်ဗျားလောက် အသက်ရှည်ရင် ‘ရှေးဟောင်း ဂန္တဝင် မဂ္ဂဇင်း’  နှင့် ‘သမိုင်း ဂျာနယ်’ အတွက် ဆောင်းပါးတွေ အများကြီးကို ရေးဖြစ်မှာပဲ။ ဝတ္ထုရှည်ကြီးတွေ၊ ဝတ္ထုတိုတွေ၊ ပြဇာတ်တွေ၊ တခြား တိုလီမိုလီတွေလည်း ဘယ်လောက်များ ရေးမိမလဲ မသိဘူး။ ပိုက်ဆံတွေလည်း အများကြီး ရမှာပဲ။ နေစမ်းပါဦး၊ နှစ်ပေါင်း သုံးရာကျော် အတွင်းမှာ ခင်ဗျားကော ဘာတွေများ လုပ်ခဲ့သလဲ။

Read the rest of this entry »