မေ့တတ်သူများအတွက် မြို့ပြလရောင်တမ်းချင်း


အာရပ်နွေဦး
တွန်းတိုက်နေသူတွေအကြား
ဗန်ဂိုးခမျာ

ခပ်တိုးတိုးလေး
ရေရွတ်နေလေရဲ့။

သတို့သမီး ဧရာဝတီအနား
ဖေးမနေသူများအား
ခင်ပွန်း ချင်းတွင်း
စောဒက တက်ခြင်းများနဲ့
စစ်မခင်းခဲ့ပါ။

ဖန်သားပြင်တွေနဲ့ တစ်သားတည်း
မနေမနား ပြေးလွှားလှုပ်ရှားနေ
ခေတ်သစ်လူသားတွေအကြား
စာအုပ်ပုံလေးခမျာ
ဖုန်အလိမ်းလိမ်းတက်
စာအုပ်စင်ထက်
ငေးလို့ ဆွေးလို့ပါပဲ။ 

လရောင်အောက်
ရေနွေးကြမ်းတစ်ခွက်
ကဗျာတစ်ပုဒ် 
ဂစ်တာတစ်လက်
ခေတ်သစ် အိုမာခယမ်း
တမ်းတမိတယ်။

၂၀၁၁-နိုဝင်ဘာ-၀၃
nch