Archives for category: Books

ဆရာကြီးရွှေဥဒေါင်း၏ သတင်းစာနှင့် စာဖတ်သူအဆင့်ဆင့် ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဝေမျှပါရစေ ခင်ဗျ။

သတင်းစာနှင့် စာဖတ်သူအဆင့်ဆင့် စာဖတ်သူအမျိုးမျိုး

အင်္ဂလိပ်သတင်းစာ ဝယ်ဖတ်သူများအနက် ခေါင်းကြီးပိုင်းကို မဖတ်ဘဲ ချန်ထားသူဆို၍ ခပ်ရှားရှားရှိမည်ဖြစ်သော်လည်း ဗမာသတင်းစာ ဖတ်သူများမူကား ခေါင်းကြီးပိုင်းကို ကျော်လွှားသွားသူ အမြောက်အမြား တွေ့ရဖူးလေသည်။ မီးရထားဖြင့် ခရီးသွားစဉ် ကျွန်ုပ်ထံမှ ဗမာသတင်းစာ ငှားဖတ်သူများကို အမှတ်မဲ့စောင့်ကြည့်မိရာ ခေါင်းကြီးပိုင်းကို ကျော်သွားပြီး အတိုအထွာ တောင်သတင်း မြောက်သတင်းများကို လှန်လှောပြန်ပေးသူတို့သာ များကြပေသည်။ အင်္ဂလိပ်သတင်းစာကို ငှားဖတ်သူတို့မူကား ခေါင်းကြီးပိုင်းမှစ၍ ဖတ်သူများပင် ကြုံရဖူး၏။ ကျွန်ုပ်၏နေအိမ်သို့လာ၍ သတင်းစာငှားဖတ်သူများကို စုံစမ်းကြည့်ရာတွင်လည်း ရာခိုင်နှုန်း ၅၀ ခန့်မျှသော ဗမာသတင်းစာဖတ်သူများသည် ခေါင်းကြီးပိုင်းကို အလျဉ်းမဖတ်ဘဲ ချန်ထားသည်ဖြစ်စေ၊ သမန်ကာလျှံကာ ဖတ်သည်ဖြစ်စေ ကြုံရတတ်ပေသည်။ သို့သော်ငှားဖတ်သောလူနှင့် ဝယ်ဖတ်သောလူ၏ ဝါအနုအရင့် ကွာခြားခြင်းကိုလည်း ထည့်သွင်း စဉ်းစားရပေမည်။ ဝါရင့်သောလူသည် မရှိမဲ့ရှိမဲ့နှင့် သတင်းစာတစ်စောင်ကောင်းကို ဖြစ်စေ၊ မဖတ်ဘဲမနေနိုင်၍ ဝယ်ဖတ်သည့်အခါ ခေါင်းကြီးပိုင်းကို နောက်ဆုံးမှဖြစ်စေ ဖတ်ရှုတတ်ကြလေသည်။ လက်ဖက်ရည်ဆိုင်နှင့် စာကြည့်ခန်းများ၌ သတင်းစာဖတ်သူများ အနက်တွင်လည်း ခေါင်း ၂-လုံးနှင့် မွေးလာသော ဝက်ကလေး၊ ခွေးက ကျားသစ်ကို ခံကိုက်ခြင်း၊ မြင်းကန်၍ အူပေါက်သွားသောလူ အစရှိသည့် သတင်းအထူးအဆန်းများလောက်သာ မက်ခဲ့သူများ၍ ခေါင်းကြီးပိုင်းဖတ်သော အဆင့်အတန်းသမား ခပ်ရှားရှား တွေ့ရတတ်ပေသည်။

စာ- ၆၁

Read the rest of this entry »

ရှုထောင့်မှန်မှ အမြင်မှန်နိုင်မည်

ရှုထောင့်များ အမြင်များ မတူပုံအပေါ် အခြေပြု၍ အငြင်းပွားမှုများ၊ ဆဲဆိုတိုက်ခိုက်မှုများအား မြန်မာအွန်လိုင်းလူအဖွဲ့အစည်းအတွင်း အတွေ့ရများလာပါတယ်။ အွန်လိုင်း (Online) ပေါ်တွင် ဆွေးနွေးပြောဆိုကြခြင်း (video conferencing  စသည်များ မပါ) ဆိုသည်ကား လူအချင်းချင်း မျက်နှာချင်းဆိုင် တွေ့မြင်ရမှု မပါသည့်အတွက် မိမိ၏အပြောအဆိုကြောင့် တစ်ဘက်လူ မျက်နှာပျက်သွားသလား၊ အမြင်ချင်းတူပုံပေါ်သလားဆိုသည်ကို တွေမြင်ရခြင်း အလျှင်းမရှိခြင်းကလည်း မိမိအမြင်အပေါ် ဆွဲကိုင်ပြီး နင်ပဲငဆ ပြောဆိုခြင်းများအတွက် အထောက်အပံ့တစ်ခု ဖြစ်လေမလားဟု တွေးမိပါတယ်။

ဒိုင်နဲမစ် ပါးရာ့ဒိုင်း (Dynamic Par­a­digm or Shift­ing Paradigm) (တွေးခေါ်မှုပုံစံများ အစဉ်ပြောင်းလဲနေတတ်သော) ဟု လူပြောများနေသော ကာလဖြစ်သည့်အားလျော်စွာ ရှုထောင့်မတူညီမှုများကို ပိုမိုတွေ့ရှိလာမှာပါ။ဒါ့အတွက်ကြောင့် ရှုထောင့်မတူညီမှုများအပေါ် သုံးသပ်ထားသော ဆရာကြီး ရွှေဥဒေါင်း၏ ဆောင်းပါးတစ်ပုဒ်မှ ကောက်နှုတ်ချက်အချို့ကို တင်ဆက်ခွင့်ပြုတော်မူပါ။

ရှုထောင့်ကွဲလွဲပုံ

အင်္ဂလိပ်ပုံပြင်ဝတ္ထုတစ်ခု၌ တစ်ခြမ်းတွင် ရွှေချ၍ အခြားဘက်တစ်ခြမ်းတွင် ငွေချထားသည့် ရုပ်တု (Statue) ကြီး တစ်ခုရှိရာ သူရဲကောင်းနှစ်ယောက်တို့သည် ရုပ်တုကြီးကို တစ်ခြမ်းစီမျှသာ မြင်ခဲ့ကြရဖူးသည်နှင့် တစ်ယောက်က ရွှေရုပ်ကြီး ဟူ၍ လည်းကောင်း အခြားတစ်ယောက်က ငွေရုပ်ကြီးဟူ၍ လည်းကောင်း ငြင်းခုံကြရာမှ တစ်ယောက်နှင့်တစ်ယောက် သတ်ပုတ်ကြသော အခြေသို့ ရောက်သွားကြသည်ဆို၏။ နောက်ဆုံးတွင် မောဟိုက်လာကြ၍ နှစ်ယောက်သဘောတူ ရုပ်တုကြီးကို သွားရောက်ကြည့်ရှုကြသည်တွင်မှ သူ့ရှုထောင့်နှင့်သူ မှန်ကန်ကြောင်း တွေ့ရ၍ လက်ဆွဲနှုတ်ဆက်ကြသည်ဟု ဆိုလေသည်။

(စာ-၈၈) Read the rest of this entry »

တောကျီးကန်း အဘိဓမ္မာဆရာနှင့် တွေ့ဆုံခြင်း

ပြောင်းခင်းတွေထဲတွင် တောကျီးကန်းတွေ အုပ်လိုက် ကျစ ပြုလေပြီ။ ကျွန်တော်သည် သူတို့ အထဲမှ အရေးအကြီးဆုံးဟု ထင်ရသည့် တောကျီးကန်းတစ်ကောင်ကို ရွေးကာ သူနှင့် စကား ပြောကြည့်၏။ ကံဆိုးချင်တော့ ကျွန်တော်သည် ကျီးကန်း နီတိ ဆရာ၊ ကျီးကန်း ဒဿန ဆရာ တစ်ဦးနှင့် သွားတိုးနေသည်။ ထို့ကြောင့် ကျွန်တော်တို့ စကားများသည် ငြီးငွေ့ဖွယ် ကောင်းနေပါသည်။

အောက်ပါတို့မှာ ကျွန်တော်နှင့်ကျီးကန်း ဒဿနဆရာတို့ ပြောကြသည့် စကားများ ဖြစ်ပါသည်။

ကျွန်တော်။ ။ ခင်ဗျားတို့ ကျီးကန်းတွေဟာ တော်တော် အသက် ရှည်တယ်လို့ ပြောကြတယ်။ သဘာဝ သိပ္ပံ ပညာရှင်တွေ အဆိုအရ ခင်ဗျားတို့ ကျီးကန်းတွေနဲ့ ငါးလှံရှည် ငါးမျိုးဟာ အသက်ရှည်တဲ့နေရာမှာ စံနမူနာတွေပဲတဲ့။ ခင်ဗျားကကော အသက်ဘယ်လောက်ရှိပြီလဲ။

ကျီးကန်း။ ။ ကျုပ်က အသက် သုံးရာ ခုနစ်ဆယ့်ခြောက်နှစ် ရှိပြီဗျ။

ကျွန်တော်။ ။ အလို ဟုတ်လား။ တယ်လို့လည်း အသက်ရှည်ပါကလားဗျာ။ ကျွန်တော်သာ ခင်ဗျားလောက် အသက်ရှည်ရင် ‘ရှေးဟောင်း ဂန္တဝင် မဂ္ဂဇင်း’  နှင့် ‘သမိုင်း ဂျာနယ်’ အတွက် ဆောင်းပါးတွေ အများကြီးကို ရေးဖြစ်မှာပဲ။ ဝတ္ထုရှည်ကြီးတွေ၊ ဝတ္ထုတိုတွေ၊ ပြဇာတ်တွေ၊ တခြား တိုလီမိုလီတွေလည်း ဘယ်လောက်များ ရေးမိမလဲ မသိဘူး။ ပိုက်ဆံတွေလည်း အများကြီး ရမှာပဲ။ နေစမ်းပါဦး၊ နှစ်ပေါင်း သုံးရာကျော် အတွင်းမှာ ခင်ဗျားကော ဘာတွေများ လုပ်ခဲ့သလဲ။

Read the rest of this entry »

၂၀၁၁-စက်တင်ဘာလထုတ် ချင်းတွင်းမဂ္ဂဇင်းမှာ ဆရာဦးလှထွန်း(မြန်မာစာ)က ချင်းတွင်းအယ်ဒီတာ ကိုတာ့ ဆီကို ပေးပို့တဲ့စာတစ်ပုဒ်ကို ဖတ်မိရာက “လတ်တလော ကြားနေရတဲ့ မြန်မာအချို့က မြန်မာစာထက် အင်္ဂလိပ်စာကို ပိုမိုအလေးထားလာတဲ့အတွက် မြန်မာစာဟာ တကယ်ပဲ အသုံးမဝင်တော့ဘူးလား ၊ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မြန်မာစာကို အလေးထားသင့်တယ်” ဆိုတဲ့ အသံတွေ အင်တာနက်မှာကျယ်ကျယ်လောင်လောင်ကြားလာရတာတွေကိုတောင် မြင်ယောင်မိသေးဗျာ။အဆိုပါ စာရေးသူရဲ့ မြန်မာအများစုကိ သိစေချင်တဲ့ စေတနာက သိသာနေတာကြောင့် အဆွေတော်တို့ကိုလည်း ပြန်လည်ဝေမျှပါရစေ။ခွင့်ပြုတော်မူပါ ဆရာဦးလှထွန်း ခင်ဗျာ။ 

နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာသင်ဖို့ ‘Crazy’  ဖြစ်နေတဲ့ မြန်မာကလေးတွေကိုအသိပေးပါရစေ။ Cam­bridge University ဆိုတာ ကမ္ဘာကျော် တက္ကသိုလ်ပါ။ ကမ္ဘာကျော်တက္ကသိုလ်ဖြစ်ကြောင်း ဒေါက်တာဘိုးလှိုင်၊ ကမ္ဘာ့တက္ကသိုလ်များအကြောင်းရေးတဲ့ “အတွေးအမြင်” လစဉ်ထုတ် မဂ္ဂဇင်းတွေမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။

ဒီ “Cam­bridge Uni­ver­sity” တက္ကသိုလ်က “မြန်မာစာကို အသိအမှတ်ပြုပါတယ်။ အလေးထားပါတယ်။ ဒါကြောင့် Cam­bridge Inter­na­tional  Exam­i­na­tions, joint Exam­i­na­tion for the School Cer­tifi­cate and Gen­eral Cer­tifi­cate of Edu­ca­tion Ordi­nary Level BURMESE (SYLLABUS) 32491/1–2002 မေးခွန်းကို ဖော်ပြပေးလိုပါတယ်။

Read the rest of this entry »

တကယ်တော့ အခုမိတ်ဆက်ပေးချင်တဲ့စာအုပ်ကို လက်ရှိအချိန်ထိ ဖတ်နေဆဲပါ။ တလောဆီက မလေးရှားဘက်ခဏရောက်တုန်း KLCC ကနေ ဝယ်လာဖြစ်ပြီး အလုပ်တွေရှုပ်နေတာနဲ့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ စပြီး ဖတ်ဖြစ်ပါတယ်။ အစားကောင်းစားရရင် မိတ်ဆွေတွေကို သတိရသလိုပဲ စာအုပ်ကောင်းတစ်အုပ် ဖတ်မိတော့လည်း သူငယ်ချင်းတွေကို ဝေမျှချင်လာနဲ့ အမြည်းသဘောလေး မိတ်ဆက်ပေးပါရစေလားဗျာ။ ဖတ်နေဆဲဆိုသော်ငြားလည်း ဖတ်မိသလောက်က ဟာဒယနဲ့ တွေ့နေတာကတစ်ကြောင်း ၊ စာအုပ်ပါအကြောင်းအရာတွေက ခေတ်ပြိုင်အဖြစ်အပျက်တွေကို အတော်လေး ထင်ဟပ်စေနိုင်တယ်လို့ ယုံကြည်တာကတစ်ကြောင်းပေါ့လေ။ ကဲ … စလိုက်ကြရအောင်လားဗျာ။

Book Title: Where China  Meets India — Burma  and The New Cross­roads of Asia
Author: Thant Myint-U

Con­tents:

Part One: The Back  Door
Part Two: South­west­ern Bar­bar­ians
Part Three: The Edge of Hindustan

Read the rest of this entry »