Archives for posts with tag: Poem

“တစ်”ခြောက်လုံးနဲ့ တမူထူးတဲ့နေ့
“ရှစ်”ဂဏန်းတွေနဲ့ သမိုင်းတွင်ခဲ့တဲ့နေ့။

ခေါင်းဆောင်ကောင်းတွေ မြေခတဲ့နေ့
ခေါင်းဆောင်သစ် ဥဒါန်းကျူးရင့်တဲ့နေ့။

တောင်နဲ့မြောက်
အရှေ့နဲ့အနောက်
ညီညာလက်တွဲတဲ့နေ့
တံတိုင်းတွေ ပြိုကျတဲ့နေ့။

ဘီလ်ဂိတ်စ် မွေးနေ့
ဒွေးလေးခါရဲ့ မွေးနေ့
ညီငယ်တစ်​​ယောက် ဘွဲ့ရတဲ့နေ့
ဦးရီးတော်ရဲ့ နွားပြာတစ်ရှဉ်း ပျောက်တဲ့နေ့။ 

Read the rest of this entry »

နှလုံးသား အခွင့်အရေး

ညီမလေးရေ

ကဗျာဆရာတစ်ယောက်က သရော်ဖူးတယ်
ကလီယိုပါထရာရဲ့ နှာခေါင်းသာ
တစ်လက်မလောက် ပိုတိုခဲ့မယ်ဆိုရင် 
တို့တွေ သင်ခဲ့ရတဲ့  သမိုင်းကြောင်း
ပြောင်းလဲသွားနိုင်သတဲ့။

မနေ့ညက
ကျွန်တော့်ရဲ့ နှလုံးသားက
လှောင်သလိုလို ပြောတယ်။

ညီမလေးရဲ့ အပြုံးသာ
ဒီထက်ပိုပြီး ချိမြလန်းဆန်းမယ် ဆိုရင်
ရင်ခုန်သံအတွက်
တစ်ကိုယ်တော် မစွမ်းနိုင်လောက်ဘူး။

Read the rest of this entry »

မေ့တတ်သူများအတွက် မြို့ပြလရောင်တမ်းချင်း


အာရပ်နွေဦး
တွန်းတိုက်နေသူတွေအကြား
ဗန်ဂိုးခမျာ

ခပ်တိုးတိုးလေး
ရေရွတ်နေလေရဲ့။

သတို့သမီး ဧရာဝတီအနား
ဖေးမနေသူများအား
ခင်ပွန်း ချင်းတွင်း
စောဒက တက်ခြင်းများနဲ့
စစ်မခင်းခဲ့ပါ။

Read the rest of this entry »

ညီမလေးရေ

ကြည့်လိုက်စမ်းပါဦး
ကမ္ဘာအပြားရဲ့ စွမ်းပကားနဲ့

တစ်ခါသုံး သတင်းတွေကို
စားသုံးနေပုံများ
တကြွမ်းကြွမ်းနဲ့ .…။

ကိုကို့ကဗျာက ပဲကြီးလှော်ကဗျာပဲ … တဲ့။

ညီမလေးရေ

ခံစားကြည့်ပါဦး
ပေါင်မုန့်တစ်လုံး ဝိုင်တစ်ခွက်
စာတစ်အုပ်နဲ့
သစ်တစ်ပင်အောက်
ကမ္ဘာလောကကြီးကို ဒူးထောက်
ချစ်ခြင်းဖွဲ့သီချင်းတွေ
ဖူးပွင့်ချင်တယ်…။

ကိုကို့ကဗျာက ဆင်းရဲသားကဗျာပဲ … တဲ့။ Read the rest of this entry »

ဒီနေ့

ကဗျာတစ်ပုဒ်
မှတ်ကျောက်တင်ဖို့
ကြိုးစားကြည့်တယ်။

ပထမဆုံး
ခေါင်းစဉ်ရွေးတယ်။

ဖျတ်ခနဲပေါ်လာတယ်
ညီမလေး တဲ့။

မပြည့်စုံသေးဘူး
သိမ်မွေ့ခြင်း တဲ့။

မလုံလောက်သေးဘူး
ကြင်နာခြင်း တဲ့။

Read the rest of this entry »