Archives for posts with tag: Shwe U Daung

ဆရာကြီးရွှေဥဒေါင်း၏ သတင်းစာနှင့် စာဖတ်သူအဆင့်ဆင့် ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဝေမျှပါရစေ ခင်ဗျ။

သတင်းစာနှင့် စာဖတ်သူအဆင့်ဆင့် စာဖတ်သူအမျိုးမျိုး

အင်္ဂလိပ်သတင်းစာ ဝယ်ဖတ်သူများအနက် ခေါင်းကြီးပိုင်းကို မဖတ်ဘဲ ချန်ထားသူဆို၍ ခပ်ရှားရှားရှိမည်ဖြစ်သော်လည်း ဗမာသတင်းစာ ဖတ်သူများမူကား ခေါင်းကြီးပိုင်းကို ကျော်လွှားသွားသူ အမြောက်အမြား တွေ့ရဖူးလေသည်။ မီးရထားဖြင့် ခရီးသွားစဉ် ကျွန်ုပ်ထံမှ ဗမာသတင်းစာ ငှားဖတ်သူများကို အမှတ်မဲ့စောင့်ကြည့်မိရာ ခေါင်းကြီးပိုင်းကို ကျော်သွားပြီး အတိုအထွာ တောင်သတင်း မြောက်သတင်းများကို လှန်လှောပြန်ပေးသူတို့သာ များကြပေသည်။ အင်္ဂလိပ်သတင်းစာကို ငှားဖတ်သူတို့မူကား ခေါင်းကြီးပိုင်းမှစ၍ ဖတ်သူများပင် ကြုံရဖူး၏။ ကျွန်ုပ်၏နေအိမ်သို့လာ၍ သတင်းစာငှားဖတ်သူများကို စုံစမ်းကြည့်ရာတွင်လည်း ရာခိုင်နှုန်း ၅၀ ခန့်မျှသော ဗမာသတင်းစာဖတ်သူများသည် ခေါင်းကြီးပိုင်းကို အလျဉ်းမဖတ်ဘဲ ချန်ထားသည်ဖြစ်စေ၊ သမန်ကာလျှံကာ ဖတ်သည်ဖြစ်စေ ကြုံရတတ်ပေသည်။ သို့သော်ငှားဖတ်သောလူနှင့် ဝယ်ဖတ်သောလူ၏ ဝါအနုအရင့် ကွာခြားခြင်းကိုလည်း ထည့်သွင်း စဉ်းစားရပေမည်။ ဝါရင့်သောလူသည် မရှိမဲ့ရှိမဲ့နှင့် သတင်းစာတစ်စောင်ကောင်းကို ဖြစ်စေ၊ မဖတ်ဘဲမနေနိုင်၍ ဝယ်ဖတ်သည့်အခါ ခေါင်းကြီးပိုင်းကို နောက်ဆုံးမှဖြစ်စေ ဖတ်ရှုတတ်ကြလေသည်။ လက်ဖက်ရည်ဆိုင်နှင့် စာကြည့်ခန်းများ၌ သတင်းစာဖတ်သူများ အနက်တွင်လည်း ခေါင်း ၂-လုံးနှင့် မွေးလာသော ဝက်ကလေး၊ ခွေးက ကျားသစ်ကို ခံကိုက်ခြင်း၊ မြင်းကန်၍ အူပေါက်သွားသောလူ အစရှိသည့် သတင်းအထူးအဆန်းများလောက်သာ မက်ခဲ့သူများ၍ ခေါင်းကြီးပိုင်းဖတ်သော အဆင့်အတန်းသမား ခပ်ရှားရှား တွေ့ရတတ်ပေသည်။

စာ- ၆၁

Read the rest of this entry »

ရှုထောင့်မှန်မှ အမြင်မှန်နိုင်မည်

ရှုထောင့်များ အမြင်များ မတူပုံအပေါ် အခြေပြု၍ အငြင်းပွားမှုများ၊ ဆဲဆိုတိုက်ခိုက်မှုများအား မြန်မာအွန်လိုင်းလူအဖွဲ့အစည်းအတွင်း အတွေ့ရများလာပါတယ်။ အွန်လိုင်း (Online) ပေါ်တွင် ဆွေးနွေးပြောဆိုကြခြင်း (video conferencing  စသည်များ မပါ) ဆိုသည်ကား လူအချင်းချင်း မျက်နှာချင်းဆိုင် တွေ့မြင်ရမှု မပါသည့်အတွက် မိမိ၏အပြောအဆိုကြောင့် တစ်ဘက်လူ မျက်နှာပျက်သွားသလား၊ အမြင်ချင်းတူပုံပေါ်သလားဆိုသည်ကို တွေမြင်ရခြင်း အလျှင်းမရှိခြင်းကလည်း မိမိအမြင်အပေါ် ဆွဲကိုင်ပြီး နင်ပဲငဆ ပြောဆိုခြင်းများအတွက် အထောက်အပံ့တစ်ခု ဖြစ်လေမလားဟု တွေးမိပါတယ်။

ဒိုင်နဲမစ် ပါးရာ့ဒိုင်း (Dynamic Par­a­digm or Shift­ing Paradigm) (တွေးခေါ်မှုပုံစံများ အစဉ်ပြောင်းလဲနေတတ်သော) ဟု လူပြောများနေသော ကာလဖြစ်သည့်အားလျော်စွာ ရှုထောင့်မတူညီမှုများကို ပိုမိုတွေ့ရှိလာမှာပါ။ဒါ့အတွက်ကြောင့် ရှုထောင့်မတူညီမှုများအပေါ် သုံးသပ်ထားသော ဆရာကြီး ရွှေဥဒေါင်း၏ ဆောင်းပါးတစ်ပုဒ်မှ ကောက်နှုတ်ချက်အချို့ကို တင်ဆက်ခွင့်ပြုတော်မူပါ။

ရှုထောင့်ကွဲလွဲပုံ

အင်္ဂလိပ်ပုံပြင်ဝတ္ထုတစ်ခု၌ တစ်ခြမ်းတွင် ရွှေချ၍ အခြားဘက်တစ်ခြမ်းတွင် ငွေချထားသည့် ရုပ်တု (Statue) ကြီး တစ်ခုရှိရာ သူရဲကောင်းနှစ်ယောက်တို့သည် ရုပ်တုကြီးကို တစ်ခြမ်းစီမျှသာ မြင်ခဲ့ကြရဖူးသည်နှင့် တစ်ယောက်က ရွှေရုပ်ကြီး ဟူ၍ လည်းကောင်း အခြားတစ်ယောက်က ငွေရုပ်ကြီးဟူ၍ လည်းကောင်း ငြင်းခုံကြရာမှ တစ်ယောက်နှင့်တစ်ယောက် သတ်ပုတ်ကြသော အခြေသို့ ရောက်သွားကြသည်ဆို၏။ နောက်ဆုံးတွင် မောဟိုက်လာကြ၍ နှစ်ယောက်သဘောတူ ရုပ်တုကြီးကို သွားရောက်ကြည့်ရှုကြသည်တွင်မှ သူ့ရှုထောင့်နှင့်သူ မှန်ကန်ကြောင်း တွေ့ရ၍ လက်ဆွဲနှုတ်ဆက်ကြသည်ဟု ဆိုလေသည်။

(စာ-၈၈) Read the rest of this entry »